Holly Wood KTV
၅ရက်၁၂လ၂၀၁၆ စားသောက်ဆိုင်နှင့်ပတ်သက်သောသတင်းအား ရန်ကုန်တိုင်းမ်သတင်းဂျာနယ် တွင်ပါလာသော သတင်းသည်
သတင်းအမှားဖြစ်သည့်အပြင် သတင်းအမှန်အားဖျောက်ဖျက်ထားပြီး သတင်းအမှန်မှာ
အုတ်ဖိုမြို့
(၁၀၈)မိုင်ကြက်သားကာလသားချက်ဆိုင် မှ ဦးစိုးလွင် သည် Holly wood KTV စားသောက်ဆိုင်ပိုင်ရှင် ဦးထိန်လင်းအောင် ထံတွင် မီးလင်းရန်အတွက်အလှုငွေ သိန်း(၂၀)တိတိ အလှုခံရာ ဦးထိန်လင်းအောင် မှ ကတိပေးခဲ့ပါသည်။ချိန်းဆိုသောရက်အရောက်တွင် ဦးစိုးလွင် မှ ဦးထိန်လင်းအောင် ထံသို့ ငွေကျပ် သိန်း(၂၀) လာရောက်တောင်းခံသည့် အပြင်ငွေလိုအပ်သဖြင့် စုစုပေါင်းငွေကျပ်(၇၅)သိန်း လှုရန်ထပ်မံတောင်းဆိုရာဦးထိန်လင်းအောင် မှ မိမိကတိပေးထားသောငွေကျပ်သိန်း(၂၀)ပေးမည်ဟုပြောဆိုရာ ဦးစိုးလွင် သည် ဒါဆို(၅၅)သိန်းချေးပါဆိုပြီးတောင်းဆိုရာ ဦးထိန်လင်းအောင်မှာငွေအခက်အခဲရှိနေသဖြင့် မချေးနိုင်ပါကြောင်းပြန်ပြောသဖြင့်(ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်မှု၊ စီးပွားမိတ်ပျက်အောင်ကြံစည်မှု၊ ဂုဏ်သိက္ခာကြဆင်းအောင်)တမင်ရည်ရွယ်ကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။(ဦးစိုးလွင် နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်အောင်ဖြိုးဝေ၊ ကိုရဲ(ရှေ့နေ)လူ့အခွင့်အရေးလှုပ်ရှားသူ၊ ဦးဇော်မင်း၊ ဦးစောသူရအောင်)တို့မှပူပေါင်း၍ဥပဒေထက်ကျော်လွန်ပြီး(မင်းမဲ့စရိုက်ဆန်စွာ)လုပ်ဆောင်ချက်ဖြစ်ပါကြောင်း အမှုဖြစ်စဉ်မှာ မမေသူလင်း ကို စားပွဲထိုးအဖြစ် လိမ်လည်ခေါ်ဆောင်ခဲ့ခြင်းမဟုက်ပါ။မမေသူလင်း ၏ အဒေါ်တော်စပ်သူ(ဒေါ်ကုလားမ(ခ)ဒေါ်သန်းသန်းဌေး)ကိုယ်တိုင်ဆိုင်သို့လာရောက်အပ်နှံပြီးကြိုတင်ငွေ(၅၀၀၀၀)သောင်းတိတိအား ထုတ်ယူခဲ့ခြင်းဖြစ်သည်။ကြိုတင်ငွေ(၅၀၀၀၀)သောင်းပေးတာမှန်သော်လည်း(၃)လမပြည့်ဘဲအလုပ်ထွက်ပါက ငွေ(၂၂၀၀၀၀)/နှစ်သိန်းနှစ်သောင်း ပေးလျော်ရမည် မဟုတ်ပါ။မမေသူလင်း၏ဖခင်တော်စပ်သူဦးသန်းဇော်ဦး မှ ၄င်းကိုယ်တိုင်သံကြိုးခတ်ခိုင်းခဲ့သော်လည်းပိုင်ရှင် ဦးထိန်လင်းအောင် မှ သံကြိုးခတ်ခြင်းမပြုလုပ်ခဲ့ပါ။အုတ်ဖိုမြို့နယ် အေးမြသာယာလမ်းဆုံ(၁၀၈)မိုင်ကြက်သားကာလသားချက်ဆိုင် ဦးစိုးလွင် မှ ကလိမ်ကကျစ်ဥာဏ်ဆင်ပြီးဂုဏ်သိက္ခာကျဆင်းအောင်တိုက်ခိုက်ခဲ့ပါကြောင်းနှင့်အေးမြသာယာရဲစခန်းတွင်အခန်း၁ခန်းပိတ်ပြီး DVBသတင်းဌာနကိုဝဏ္ဍမှဗွီဒီယိုမှတ်တမ်းယူပြီးအဓမ္မခြိမ်းခြောက်ထွက်ဆိုခိုင်းခြင်းဖြစ်ပါ၍ဦးသန်းဇော်ဦးမှအမှုဖွင့်ခဲ့ရခြင်းဖြစ်ပါသည်။
မမေသူလင်း သည်ဆိုင်မှထွက်ပြေးတိမ်းရှောင်ပြီး အေးမြသာယာတာဆုံပြည်တော်သာရွာတောင်ပိုင်း(ဒေါ်နန်းမူ)ပြည့်တန်ဆာအိမ်မှ
ကြိုးစားကယ်တင်ပြီးမမေသူလင်း၏ဖခင်တော်စပ်သူဦးသန်းဇောဦးထံသို့အဖွဲ့အစည်းစုံရှေ့တွင်ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ပါသဖြင့်
အထက်တာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများမှအမှုမှန်ပေါ်ပေါက်ရေးအတွက်စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန်
အကြံပြုတိုက်တွန်းနှိုးဆော်လိုက်ပါသည်။