ဧရာဝတီးတိုင်း၊လပွတ်တာမြို့နယ်ရဲတပ်ဖွဲ့မှုးအမှုင့်ဖွင့်
အရေးယူရန်တိုင်ကြားခြင်း၊၁၆.၁၁.၂၀၁၄ ရက်နေ့
ဧရာဝတီးတိုင်းဒေသကြီး၊လပွတ်တာမြို့နယ်၊ကညင်
ကုန်းကျေးရွာအုပ်စု၊သပြုကုန်းကျေးရွာနေ
(ဘ)ဦးထွန်းရင်၏သမီးဖြစ်သူကျွန်မ မစန်းအေး
(၁၄/လပတ(နိုင်)၂၂၄၈၀၈)၊အောက်ပါအတိုင်း
တိုင်ကြားထားပါသည်၊ကျွန်မသည်လယ်လုပ်ငန်း
လုပ်ကိုင်သူတစ်ဦးဖြစ်ပါသည်။ကျွန်မ၏ခင်ပွန်းမှာ
ဦးကြည်ဝင်းဖြစ်း၊ကျွန်မတွင်သား/သမီး(၅)ဦး
ရှိပါသည်၊ကျွန်မ၏ဒုတိယသမီးဖြစ်သူမဖြူဖြူစန်း
ဖြစ်ပါသည်ကျွန်မ၏သမီးမဖြူဖြူစန်းမှာ(၇၊တန်း)
အောင်မြင်ပြီးသည့်အထိပညာသင်ကြားခဲ့ပါသည်
ထို့နောက်ကျွန်မတို့မိသားစုမှာစီးပွားရေးအဆင်
မပြေလို့သမီးဖြစ်သူအားပညာဆက်လက်မသင်
ကြားနိုင်တော့ပါ၊ထိုအချိန်အခါတွင်ကျွန်မနှင့်
ရင်းနှီးသည့်။လပွတ်တာမြို့နယ်၊ဘီတွတ်ကျေးရွာ
တွင်နေထိုင်သည့်(ဦးအငယ်လေး)ဆိုသူသည်
ကျွန်မတို့ထံရောက်ရှိလာပြီးကျွန်မသမီးဖြစ်သူ
မဖြူဖြူစန်းအားရန်ကုန်မြို့တွင်အလုပ်ကောင်း
ကောင်းရမည်၊လစာကောင်းကောင်းရမည်ဟု
ပြောဆိုစည်းရုံးပါသည်၊ထို့အပြင်ကျွန်မတို့နှင့်
ရပ်ဆွေရပ်မျိုးဖြစ်သည့်(ဦးကျော်+ဒေါ်သိန်းသိန်း
ဝင်း)တို့ထံသို့ဦးအငယ်လေးဆိုသူမှထပ်မံ
သွားရောက်ကာကျွန်မသမီးမဖြူဖြူစန်းအား
စိတ်မပူရန်နှင့်စိတ်ချနေပါဟုပြောဆိုခဲ့ပါသည်
ဦးအငယ်လေးဆိုသူကကျွန်မထံမှသမီးဖြစ်သူအား
စိတ်မပူရန်နှင့်အစစရာရာတာဝန်ယူပါကြောင်း
အကြိမ်ကြိမ်ပြောဆိုခဲ့သဖြင့်ကျွန်မမှလည်း
ခင်မင်ရင်းနှီးသည့်အလျှောက်ယုံကြည်မိခဲ့သည်
ထိုအခါဦးအငယ်လေးမှအကြိမ်ကြိမ်ပြောပြီး
ခေါ်ဆောင်သွားခဲ့ပါသည်(၁.၁၁.၂၀၁၄)တွင်
ဦးအငယ်လေးမှမဖြူဖြူစန်းအားရန်ကုန်တိုင်း
မရမ်းကုန်းမြို့နယ်ရှိ(ဦးမြဦး)၏နေအိမ်တွင်
အိမ်ဖေါ်လုပ်ရန်ပို့ဆောင်ခဲ့ပါသည်၊(၃.၁၁.၂၀၁၄)
ရက်နေ့တွင်ဦးမြဦးမှမဖြူဖြူစန်းအားသား
မယားပြုကျင့်ကြောင်းသမီးမှဆက်သွယ်ခဲ့ပါသည်
ထိုအခါမျကျွန်မမှ(၁၀.၁၁.၂၀၁၄)ရက်နေ့တွင်
ဦးမြဦးအိမ်သို့ရောက်ရှိခဲ့ရာဦးမြဦးမှကလေးကို
ခေါ်ဆောင်သွားပါဟုပြောဆိုခဲ့သည်ဦးအငယ်
လေးဆိုသူအားဆက်သွယ်မရပါထို့နောက်အငယ်
လေးဆိုသူမှထိုဖြစ်ရပ်အားမတိုင်ကြားရန်နှင့်
ဦးမြဦးကိုလည်းမတိုင်ကြားရန်ပြောဆိုပြီး
ထိုဖြစ်ရပ်အားအဆင်ပြေအောင်ဖြေရှင်းပေးမည်ဟု
ကျွန်မထံသို့ဖုန်းနဲ့အကြောင်းကြားခဲ့ပြီးနောက်ပိုင်း
တွင်ဆက်သွယ်ခြင်းမရှိတော့ပါ(ဦးမြဦးနှင့်အငယ်
လေး)အားတည်ဆဲဥပဒေအရအရေးယူဆောင်
ရွက်ပေးရန်တိုင်ကြားအပ်ပါသည်။