Saturday, November 29, 2014

ကန့်ဘလူတပ်သိမ်းမြေပြသာနာတွင်သီးနံဧက(၃၀၀၀)ဖျက်ဆီးခံရမှုအတွက်မြေသိမ်းခံတောင်သူများမှသီးစားသမား(၅၀)ခန့်ကိုတရားစွဲမည်

ကန့်ဘလူကြံစီမံကိန်းတပ်သိမ်းမြေပြသာနာတွင်မြေပြန်လည်ရရှိခြင်း
မရှိပဲတရားစွဲ၊ထောင်ဒဏ်ချမှတ်ခြင်းများသာခံခဲ့ကြရသောမြေသိမ်းခံ
တောင်သူများအနက်မှ(၃၁)ဦးကဖျက်ဆီးခံလိုက်ရသော၎င်းတို့၏
သီးနှံဧက(၃၀၀၀)ခန့်အတွက်သီးစားသမား(၅၀)ခန့်ကိုတရားစွဲပြု
လုပ်မည်ဖြစ်ကြောင်းသိရသည်ပြီးခဲ့သောဇူလှိုင်လနှင့်သြဂုတ်လများ
အတွင်းကဖျက်ဆီးခံခဲ့ရသည့်ပြောင်း၊ပဲစင်းငုံ၊ပဲတီစိမ်းစိုက်ခင်းများ
အတွက်နစ်နာဆုံးရှုံးမှုကိုတိုင်ချက်ဖွင့်သွားမည်ဖြစ်ကာနိုဝင်ဘာ
(၂၇)ရက်ကဇီးကုန်းတိုက်နယ်ရဲစခန်းသို့အမှုအတွက်သွားရောက်
ခဲ့ကြောင်းမြေသိမ်းခံတောင်သူများကဆိုသည်၊ကန့်ဘလူတပ်သိမ်း
မြေပြသာနာအားဖြေရှင်းရာတွင်တိကျသောမူဝါဒမရှိခြင်း
ပြဌာန်းထားသောဥပဒေများနှင့်ဆန့်ကျင်နေခြင်းများကြောင့်
အချိန်(၂)နှစ်ကျော်ကြာမြင့်ခဲ့ရပြီဖြစ်ကြောင်း၊ဥပဒေအတိုင်းသာ
ဖြေရှင်းပါကပြသာနာသည်တစ်လအတွင်းပြေလည်နိုင်ဖွယ်
မရှိကြောင်းလယ်သမားအရေးဆောင်ရွက်သူများကသုံးသပ်သည်။