တရုတ်နိုင်ငံ၏နာမည်ဆိုးနှင့်ကျော်ကြားသောကျောက်မီးသွေး
တွင်းလုပ်ငန်းတွင်နိုဝင်ဘာ၂၇ရက်ဒုတိယအကြိမ်မြောက်
ပေါက်ကွဲမှုဖြစ်ခဲ့ပြီးလူ၁၁ဦးသေဆုံးခဲ့ကြောင်းနိုင်ငံတော်မီဒီ
ယာပိုင်ဆင်ဟွာကဖော်ပြခဲ့သည်အနောက်တောင်ပိုင်းကွေ
ကျိုးပြည်နယ်ရှိဆောင်လင်းကျောက်မီးသွေးတွင်းတွင်အလုပ်
သမား၁၉အလုပ်လုပ်နေစဉ်နံနက်ပိုင်းတွင်ပေါက်ကွဲမှုဖြစ်
ပွားခဲ့သည်ယင်းအလုပ်သမားများအနက်၈ဦးအသက်ရှင်လွှတ်
မြှောက်ခဲ့ကြောင်းဆင်ဟွာကဖော်ပြခဲ့သည်နိုင်ငံအရှေ့
မြောက်ပိုင်းရှိလျောင်နင်းပြည်နယ်ရှိကျောက်မီးသွေးတွင်း
တစ်ခုတွင်လည်းနိုဝင်ဘာ၂၆ရက်ကမီးလောင်မှုတစ်ခု
ကြောင့်၂၆ဦးသေဆုံးခဲ့ပြီး၊နောက်တစ်နေ့တွင်ယခုကဲ့သို့
ထပ်မံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်စည်းမျဉ်းစည်းကမ်း
လျော့ရဲမှု၊အကျင့်ပျက်ခြစားမှု၊လုပ်ငန်းဆောင်ရွက်မှု
ညံ့ဖျင်းမှုတို့ကြောင့်တရုတ်မိုင်းတွင်းလုပ်ငန်းသည်
အသေအပျောက်အများဆုံးလုပ်ငန်းများတွင်ပါဝင်သည်။