ဖက်ဒရယ်ကိုလက်ခံကျင့်သုံးဖို့နောက်တွန့်နေတာကို
တွေ့ရပါတယ်ဘာကြောင့်နောက်တွန့်နေတာလဲ
ဆိုတာကိုနားလည်ဖို့ဆိုရင်ဖက်ဒရယ်စနစ်နဲ့
ပတ်သက်ပြီးနိုင်ငံရေးပညာကဘာပြောထားလဲ
ဆိုတာကိုစစ်ဆေးကြည့်ရင်ကောင်းပါလိမ့်မယ်
ဒါပေမယ့်နိုင်ငံရေးနယ်မှာသြဇာလွှမ်းမိုးမှုအရှိဆုံး
ပြည့်စုံတဲ့ဖွင့်ဆိုချက်ကိုမပေးနိုင်တာဒါမဟုက်
ဝိုးတ၀ါးနိုင်ပြီးကျယ်ပြန့်တဲ့ဖွင့်ဆိုချက်တွေကို
ပေးနေတာစိတ်မကောင်းစရာပဲ၊ဒီမိုကရေစီကို
အသစ်တည်ထောင်စနိုင်ငံတွေအတွက်
ရွေးချယ်စရာတွေကတကယ်ရှိနေတာထက်
နည်းပါးတယ်လို့ပြောသလိုမျိုးဖြစ်နေပါတယ်
အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ
တစ်ခုကတော့ပညာရှင်တွေလေ့လာမှုတွေက
အမေရိကန်ပြည်ထောင်စုပုံစံကိုနမှုနာထားပြီး
အာရုံစိုက်လေ့လာတာအဓိကဖြစ်နေပါတယ်
တကယ်တော့လည်းအမေရိကန်ပြည်ထောင်စု
ဆိုတာသက်တမ်းအကြာဆုံးနဲ့အအောင်မြင်ဆုံး
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွေထဲကတစ်ခုပါ။