Sunday, November 16, 2014

လူသားတို့၏လောကသံသရာ

လူသားတို့သည်ဖြစ်လေသမျှပျက်ကြရကုန်၏
ခဲလေသမျှသဲရေကျဖြစ်ကြရကုန်၏
ထောင်လေသမျှလဲကျရကုန်၏
မောက်မာလေသမျှမွဲကြရလေကုန်၏
ဆုံလေသမျှကွဲကြရလေကုန်၏
ချမ်းသာလေသမျှဆင်းရဲမီးအတွင်းသက်ဆင်း
ကြရသည်၊အေးလေသမျှပူဆွေးကြရလေသည်
ပျိုနုလေသမျှအိုဆွေးကြရလေကုန်၏
ကျန်းမာလေသမျှရောဂါဆိုးကြီးကြုံရလေသည်
ရှင်လေသမျှသေကြရကုန်လေသည်
ထိုသို့ကြောက်မက်ဖွယ်ရာကိုနက်နက်နဲနဲ
သဘောပေါက်ပြည့်စုံအောင်ကြိုးစားကြပါ။