ငါကြိုးစားကာ
ငါ့ဓါးဖွေးဖွေး သူမြတ်လေးတည့်
သွေးရေးသမိုင်း ထိုသည့်တိုင်းဝယ်
နှိုင်းစရာမရှိ ငါမှငါဟု
အာဏာလက်ရ စုန့်စုန့်ကြွသည်
မာနမတက်ခဲ့ဘူးချေ
ထိုချင်းရည်တွက်
ချစ်ကြည်လေးမြတ် တိုင်းလုံးအပ်ကာ
ရပ်ရာတည်ရာ သူ့နောက်ပါကြ
ကိုးကွယ်ရာဖြစ် ခေါင်းဆောင်စစ်မို့
ခေတ်ကြောင့်မတိမ် တထိန်ထိန်တည့်
ဂုဏ်သိမ်ပွင့်လန်း တိုင်းပြည်ကန်းစေ
အောင်ဆန်းမသေနိုင်ပြီတဲ့။