အာဏာရှင်သြဂတ်စတိုနိုပီချေး လက်ထက်တွင်နယ်စွန်နယ်ဖျား
ကျွန်းတစ်ကျွန်းတွင်ထိမ်းသိန်းခံခဲ့ရသောနိုင်ငံရေးအကျဉ်းသား
(၃၀)အတွက်နိုင်ငံတော်ကဒေါ်လာ(၇ဒသမ၅သန်း)လျော်ပေး
ရန်ချီလီတရားကနိုဝင်ဘာ၁၉ရက်တွင်အမိန့်ချမှတ်ခဲ့သည်
ယင်းအကျဉ်းသားများတွင်နိုင်ငံရေးခေါင်းဆောင်များ၊အစိုးရ
ဝန်ကြီးများပါဝင်ပြီး(၁၉၇၃)ခုနှစ်တွင်ပီနိုချေးကဆာဗေဒို
အယ်လင်ဒီကိုဖြုတ်ချကာအာဏာသိမ်းခဲ့ပြီးနောက်၎င်းတို့ကို
အကျဉ်းချခဲ့ခြင်းဖြစ်သည်၊ပီနိုချေးအစိုးရသည်အကျဉ်းသားများကို
တီရာရာဒယ်ဖူဂိုဒေသရှိဒေါ်ဆန်ကျွန်းရှိပြွတ်သိပ်နေသော
တန်းလျားများတွင်သုညအပူချိန်အောက်တွင်(၁၉၇၃)။
(၁၉၇၄)ခုနှစ်အထိ၂နှစ်ကြာထိန်းသိမ်းထားခဲ့သည်
တရားမ၀င်ထိမ်းသိမ်းခံခဲ့ရသောယင်းအကျဉ်းသားများသည်
တိုင်းတာတွက်ချက်မရနိုင်သောစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ
ခံစားခဲ့ရကြောင်းတရားရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်
ပြန်လည်လွှတ်မြှောက်လာပြီးနောက်အကျဉ်းသားအများစုသည်
သြစတေးလျ၊၊ကနေဒါ၊နယ်သာလန်နှင့်အမေရိကန်တို့တွင်
သွားရောက်နေထိုင်ခဲ့ကြသည်၊ပီနိုချေးအစိုးရလက်ထက်တွင်
တရားမ၀င်ဖမ်းဆီးမှု၊ညှင်းပန်းနှိပ်စက်မှု(၃၇၀၀၀)ရှိပြီး
လူ(၃၂၂၅)ဦးသေဆုံးခဲ့ကြောင်းအစိုးရကော်မရှင်ကတွေ့ရှိသည်။