တိုင်းသားပြည်သူငြိမ်းချမ်းယူရန်
မူနှင့်လမ်းစ စုဝေးကြလျက်
ဝါဒအမှန် တွေးတောကြံစဉ်
အံတုဖက်ပြိုင် စတင်းကိုင်လျက်
ရင်ဆိုင်ပြစ်ခတ် ဒလစပ်ဖြင့်
သေနတ်ပြစ်ဖောက် ထုတ်ချင်းပေါက်ကာ
ဥိးခေါင်းနောက်ပြန် ပက်လက်လန်သော်
ကြမ်းယံမှာလဲ ယမ်းမီးခဲကြောင့်
ပြိုကွဲယိမ်းယိုင် မထိန်းနိုင်ပြီ
ဇူလှိုင်ဆယ့်ကိုး အသေစိုးဖြင့်
အမျိုးချစ်သား ဇာနည်ဖွားတို့
သွေးများအိုင်ထွန်းခဲ့တကား။