ဖက်ဒရယ်စနစ်တွင်အဖြစ်အများဆုံးသောပြသာနာမှာ
အငြင်းပွားခြင်းပင်ဖြစ်သည်၊ပြည်နယ်အစိုးရနှင့်ဗဟို
အစိုးရတို့ကြားအာဏာခွဲဝေကျင့်သုံးမူများကြောင့်
ဗဟိုနှင့်ဒေသဆိုင်ရာတရားရုံးများကသာဝင်ရောက်
ဖြေရှင်းပေးလေ့ရှိသည်၊အမေရိကန်နိုင်ငံတွင်လည်း
အဆိုပါဖြစ်ရပ်မျိုးဖြစ်ပွားလေ့ရှိသည်ပြည်နယ်နှင့်ဗဟို
အစိုးရတို့ကြားအခြေခံအကျိုးရလာဒ်မျိုးမတူခြင်း
လူမျိုးတို့၏အကျိုးမျော်လင့်ချက်မတူညီမူတို့ကိုလည်း
အခက်အခဲဖြစ်ပေါ်စေသည်၊အချုပ်အားဖြင့်ဆိုရသော်
ဖက်ဒရယ်စနစ်တွင်ကွဲပြားခြားနားချက်များကိုဖြေရှင်း
နိုင်မည့်နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းလိုအပ်ပေသည်
မတူညီသောလူမျိုးများနှင့်ဒေသဆိုင်ရာကွဲပြားမူ
ပြသာနာများကိုမဖြေရှင်းနိုင်လျင်ခွဲထွက်ရေးများ
ဖြစ်ပေါ်လာနိုင်သည်နိုင်ငံတိုင်း၏အုပ်ချုပ်ပုံစနစ်
တိုင်းတွင်အားသာချက်၊အားနည်းချက်များကရှိနေမည်
ဖက်ဒရယ်စနစ်ကိုကျင့်သုံးသည့်နိုင်ငံများအနေနှင့်
သမိုင်းကြောင်းနှင့်သဘောထားခံယးချက်မတူညီ
ကြပေ၊ဖက်ဒရယ်စနစ်ကျင့်သုံးမှသာငြိမ်းချမ်းရေး
ရရှိမှာထို့ကြောင့်ကျွန်တော်မြန်မာပြည်တိုးတက်ပြီး
တိုင်းရင်းသားတို့စည်းလုံးစွာနေကြလိုလျင်ဖက်ဒရယ်
ဝါဒကိုကျင့်သုံးရန်လိုအပ်ပေသည်။