Saturday, November 8, 2014

ယာဉ်ထိန်းဝန်ထမ်းများစည်းကမ်းရှိဖို့ ပေးအပ်သောတာဝန်ကိုလေးစားလိုက်နာဖို့ အထူးကြပ်မတ် အရေးယူပေးရန်






မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် စည်းကမ်းနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ဆိုလျှင် ယာဉ်ဖမ်းအဖွဲ့ဆိုလျှင် ယာဉ်ဖမ်း၊လမ်းရှင်းအဖွဲ့ဆိုလျှင် လမ်းရှင်း၊စည်းကမ်းထိန်းသိမ်းအဖွဲ့ဆိုလျှင် စည်းကမ်းထိန်းသိမ်းရမည်။အခုတော့ ဒီလိုမဟုတ်ပဲ (၇.၁၁.၂၀၁၄)ရက်နေ့တွင် ဘုရင့်နောင်တံတား အမှတ်(၂) လမ်းရှင်းလမ်းပိတ်မည့် အစား ကားဖမ်း၊ဆိုင်ကယ်ဖမ်း၊အရေးယူဆောင်ရွက်နေသည့်အတွက် အထူးဒေသ (၈)၊ဗဟန်းယာဉ်ထိန်းရဲတပ်ဖွဲ့မှ (ရဲအုပ်အောင်သိန်းထွေး)အဖွဲ့သည် ပေးအပ်သောတာဝန်
ထက်ကျော်လွန်ကာ အရေးယူဆောင်ရွက်နေမှုများသည် စည်းစနစ် အသွင်ကူးပြောင်းကာလများတွင် (န.အ.ဖ)စစ်အစိုးရ လက်ထက်ကအတိုင်း လုပ်ချင်တိုင်းလုပ်နေသည့် (ဗဟန်းမြို့နယ် အထူးဒေသ (၈)


စခန်းမှုး ရဲအုပ် အဆင့်ရှိသည့် အောင်သိန်းထွေးနှင့်အဖွဲ့သည် ၇.၁၁.၂၀၁၄ ညနေ ၃နာရီမှစ၍ အထက်ကပေးအပ်သော တာဝန်ထက်ကျော်လွန်ကာ အရေးယူဆောင်ရွက်နေမှုများသည် (စည်းကမ်း၊စိတ်ဓာတ်၊ဥပဒေ)တွေကို မျက်နှာလွဲ၊လက်တစ်လုံးခြား ကျင့်ကြံ နေမှုများအပြင် ဆိုင်ကယ်များကို
လည်း တစ်ဝက်တစ်ချို့ကိုသိမ်းဆည်း တစ်ချို့တစ်ဝက်ကို ဘုရင့်နောင်ကုန်းတံတား လမ်းဆုံအောက်ရှိ မီးပွိုင့်
ယာဉ်ထိန်းရုံးထဲတွင် ထားရှိကာ လိုင်စင်ရှိယာဉ်များကို အခကြေးငွေ (၄ သောင်း (သို့) ၅ သောင်း) ယူပြီး လိုင်စင် မရှိသော ယာဉ်များကို (၇ သောင်း (သို့) ၈ သောင်း)နှုန်းများဖြင့် ပြန်လည် ရွေးယူလို့ရပါသည်။
သို့ဖြစ်ပါ၍ စည်းကမ်း နှင့် ဥပဒေကို လက်တစ်လုံးခြားလုပ်နေသော (ဗဟန်းမြို့နယ် အထူးဒေသ (၈) ရဲအုပ်
အောင်သိန်းထွေး နှင့် အဖွဲ့ကို)ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးမှသာ ပြည်သူလူထုကလိုလားသော
မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ဟု ပြည်သူလူထုက လက်ခံယုံကြည်မည် ဖြစ်ပါ၍ ရဲအုပ်အောင်သိန်းထွေး
နှင့် အဖွဲ့ကို အရေးယူဆောင်ရွက်ပေးပါရန် ပြည်သူလူထုနှင့် ရပ်ကွက်သူရပ်ကွက်သားများမှ တိုင်ကြားအပ်ပါသည်။


                                                                                                 မရမ်းကုန်း နှင့် လှိုင်အဖွဲ့သားများ