Wednesday, November 12, 2014

ငြိမ်းချမ်းရေးနှင့်အိမ်မက်

ပန်းကန်ပြားထဲမှာ၊မျိုးသုန်းပျောက်ကွယ်နေတဲ့
နယ်မြေလုတိုက်ပွဲခေါ်သံတွေ၊ငြိမ်းချမ်းရေးငှက်တွေ
အခိုးအငွေ့အဖြစ်၊အုပ်စုဖွဲ့ရှင်သန်ထမြောက်လာ
နှစ်ဆယ့်တစ်ရာစုအတွက်၊တိမ်မြူကင်းတဲ့
ကျောက်စာပဲ၊ကောင်းကင်ယံမှာ
မျက်ရည်တွေ၊အသင်းလိုက်အဖွဲ့လိုက်
သွေးစက်တွေ၊၀င်လာမစဲ
နာကျည်းချက်၊အဲဒီနေ့မှာ
ကျောက်ဖြစ်ရုပ်ကြွင်းက၊ပန်းမိုးတွေရွာခဲ့တယ်
အရွယ်သုံးပါးမခြား၊ကျည်ဆံတွေနဲ့
ကြက်ဆူပင်တွေက၊လူသတ်လက်နက်တွေနဲ့
ရေသောက်မြစ်မဲ့၊ပန်းပွင့်တွေဖြစ်ပြီး
သံလွင်ပင်တွေကြီးထွား၊ပန်းရနံ့တွေလှိုင်နေတယ်
မိုးလင်းခဲ့ရပြီ။