၂၀၁၃ခုနှစ်နိုဝင်ဘာ၁၉ရက်နံနက်အစောပိုင်း
မင်္ဂလာဒုံမြို့နယ်၊ဘောဂရပ်ကွက်၊ဘောဂ၂လမ်း
တွင်ဖြစ်ပွားခဲ့သည့်နှစ်လောင်းပြိုင်လူသတ်မှု
ကျုးလွန်သူမှာတစ်နှစ်ကျော်ကြာသည့်တိုင်လွတ်
မြောက်နေဆဲဖြစ်ကြောင်းစုံစမ်းသိရှိရသည်
အသက်(၉)နှစ်အရွယ်လေးတန်းကျောင်းသူနဲ့
မိခင်ဖြစ်သူတို့သေဆုံးခဲ့သည့်ကျုးလွန်ခဲ့သူမှာ
ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ ရပ်ကွက်အတွင်းရှိ
ဘုန်းကြီးကျောင်းတွင်နေထိုင်သူ(မွန်လေး(ခ)
လွင်မျိုးသူ)ဆိုသူဖြစ်ကာအခင်းဖြစ်ပွားရာနေ့မှ
စကာထွက်ပြေးတိမ်းရှောင်နေသဖြင့်မြောက်ပိုင်း
ခရိုင်တရားရုံးတွင်တရားခံပြေးအဖြစ်ဝရမ်းထုတ်
ကာတရားစွဲဆိုခဲ့ပြီးတစ်နိုင်ငံလုံးရှိရဲတပ်ဖွဲ့ဝင်
များနှင့်ချိတ်ဆက်ကာဆောင်ရွက်နေကြောင်း
မင်္ဂလာဒုံမြို့မရဲစခန်းမှုးဒုရဲမှုးဝင်းမြင့်က
ကျုးလွန်သူကထွက်ပြေးလွက်မြောက်နေတုန်းပါ
နိုဝင်ဘာ(၂၇)ရက်ကဖြေကြားခဲ့သည်
အဆိုပါလူသတ်မှုကိုမင်္ဂလာဒုံမြို့မရဲစခန်းမှ
(ပ)၇၂၄/၁၃ပြစ်မှုပုဒ်မ၃၀၂ဖြင့်အမှုဖွင့်ထားသည်။