ဖြေမကြည် နေရီတော့လွမ်းစေဖို့
မြန်မာ့ပြည်ပေါ်သို့ အေးစည်တော်ရွှမ်းချိန်မို့
အစမ်းကုန် သည်တစ်ခါဖြင့်
ပြည်ရွာ ညီညာဖို့အလုပ်ပေပေါ့
သုသာန်တံခွန်ဆောင်းရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နဲ့
အလွန်ကောင်းစွာ မြန်မာတည်မယ့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီအဓိဋ္ဌာန်တစ်မျိုးရယ်နှင့်
ရှိခိုးကာကန်တော့ချင်ရဲ့
ဖြေမနိုင် မျက်ရည်စတွေနဲ့
တသသလွမ်းဆွတ် တို့သည်းပွတ်ကို
ချွေဆွတ်မြေသို့ချသည်သို့
နယ်ချဲ့ရန်သူ ပြည့်ရန်သူကို
သူတို့တွန်းလှန် လွတ်လပ်ရန်ဖြင့်
ဟန်ပိုမလုပ် တကုတ်ကုတ်ပင်
အားထုတ်လေသောတို့ဗိုလ်ချုပ်။