Wednesday, November 12, 2014

ndfပါတီ၏ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးအပေါ်ခံယူချက်

(၁)ရွေးကောက်ပွဲစနစ်တစ်ခုကိုရွေးချယ်ရာတွင်လက်ရှိလူမူစီးပွားရေး
ဘ၀နိုင်ငံရေးအပြောင်းအလဲနှင့်နိုင်တော်အသစ်တစ်ခုကိုတည်
ဆောက်ကြမည့်နိုင်ငံတစ်ခုနှင့်လိုက်ဖက်ညီမည့်စနစ်တစ်ခုကို
ရွေးချယ်မိကြဖို့အလွန်ပင်အရေးကြီးပါသည်။
(၂)နိုင်ငံရေးအဆောက်အအုံကိုပြောင်းလဲရာတွင်လည်းပြောင်း
လဲရမည့်စနစ်၊နိုင်ငံတော်တည်ဆောက်ပုံ၊လူမျိုးအားလုံးကို
ကိုယ်စားပြုနိုင်မူကိုကျယ်ပြန့်စွာရနိုင်မရနိုင်စသည်တို့ကိုထည့်သွင်း
ကာအနာဂတ်နိုင်ငံနှင့်နိုင်ငံသားများ၏နိုင်ငံရေးဘ၀အတွက်ပါ
စဉ်းစားကာရွေးကောက်ပွဲစနစ်ကိုရွေးချယ်ရမည်။
(၃)ရွေးကောက်ပွဲစနစ်ပြောင်းလဲစေခြင်းသည်ရွေးကောက်ပွဲ
အတွက်သူ့ချည်းသက်သက်ပြောင်းလဲသည်ဟုကျဉ်းမြောင်းစွာ
မရှုမြင်စေလိုပဲပြည်ထောင်စုပြီပြင်ရေးအတွက်နိုင်ငံအုပ်ချုပ်မူပိုင်း
ဆိုင်ရာအပြောင်းအလဲကိုအထောက်အကူဖြစ်စေရန်အနာဂတ်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ဖြစ်တည်ရေး၊
ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးသည်မြန်မာနိုင်ငံနှင့်
နိုင်ငံသားများ၏နိုင်ငံရေးဘ၀ပေါ်တွင်နက်နက်ရှိုင်းရှိုင်း
ပါဝင်သက်ရောက်မူရှိနေရမည်။