တိုင်းပြည်ကကိုယ့်ခေါင်းဆောင်ကိုအထင်ကြီးဖို့ရိုသေလေးစားဖို့
ဆိုတာလစာကြီးစားမှ(သို့မဟုက်)ထောက်ပံ့ကြေးများများယူမှ
ချီးမြင်ငွေများများရမှ၊မော်တော်ကားကောင်းကောင်းစီးမှ
အိမ်ကောင်းကောင်းနှင့်နေမှမဟုက်ပါဘူး၊တစ်ဖက်ပြည်သူကို
မှန်ကန်တဲ့ခေါင်းဆောင်မူပေးနိုင်ရမယ်၊အခြားတဖက်ကဆင်းရဲ
ချွေတာစွာနေထိုင်စားသောက်မယ်အနစ်နာခံမယ်ဆိုရင်တိုင်းပြည်
ခေါင်းဆောင်များကိုပိုလေးစားမယ်၊ကြည်ညိုမယ်၊ပြည်သူတို့
အပေါ်ခေါင်းဆောင်ရဲ့သြဇာပိုပြီးထိရောက်မယ်အခွင့်အရေး
အပြည့်အ၀မပေးရင်၊ခိုးဝှက်၊လာတ်စား၊ပျက်စီးကုန်ကြမယ်
လောဘကိုအလိုလိုက်ရင်မမှန်ကြောင်းဘ၀ကသက်သေထူမယ်
လောဘကိုလိုက်လျောရင်လူတွေဟာ(ရလေ/လိုလေ)တွေ
ဖြစ်ကြမယ်၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များကိုယ်ကျိုး
နောက်ထားပြီး၊အများအကျိုးဦးစားပေးရမည်ဒါမှလည်းရင်ဆိုင်
နေရတဲ့အခက်အခဲများကိုကျော်လွှားနိုင်မည်။