Tuesday, November 18, 2014

နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များ

နိုင်ငံတော်သည်မည်သူကိုမဆိုဥပဒေအရာတွင်
တန်းတူညီမျှအခွင့်အရေးရရှိစေရမည်၊ထို့အပြင်
ဥပဒေ၏အကာအကွယ်ကိုလည်းတန်းတူညီမျှ
ရယူပိုင်ခွင့်ပေးရမည်၊နိုင်ငံတော်သည်မည်သည့်
နိုင်ငံသားကိုမျှလူမျိုး၊ဇာတိ၊ရာထူး၊အဆင့်အတန်း
ယဉ်ကျေးမှု၊အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာ
တို့ကိုအကြောင်းပြုကာခွဲခြားမှုမပြုစေရ။
မိခင်များ၊ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်
အမျိုးသီးများကိုဥပဒေအရသတ်မှတ်ထားသော
သက်ဆိုင်ရာအခွင့်အရေးများကိုအညီအမျှခံစား
ခွင့်ရှိစေရမည်၊မည်သူကိုမျှတည်ဆဲဥပဒေနှင့်
အညီမှတပါးအသက်ကိုဖြစ်စေ၊ကိုယ်ပိုင်လွှတ်
လပ်ခွင့်ကိုဖြစ်စေနစ်နာဆုံးရှုံးမှုမဖြစ်စေရ။
နိုင်ငံသားတိုင်းသည်နိုင်ငံတော်လုံခြုံရေး
တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာ
ကိုယ်ကျင့်တရားအကျိုးဌာပြဠာန်းထားသည့်
ဥပဒေများနှင့်မဆန်ုကျင်လျှင်အောက်ပါအခွင့်
အရေးများကိုလွှတ်လပ်စွာသုံးစွဲခွင့်ရှိသည်။
(က)မိမိ၏ယုံကြည်ချက်၊ထင်မြင်ယူဆချက်
များကိုလွှ့တ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ရေးသားဖြန့်ဝေခွင့်။
လက်နက်မပါပဲငြိမ်းချမ်းစွာစုဝေးခွင့်စီတန်း
လှည့်လည်ခွင့်(ဂ)အသင်းအဖွဲ့သို့မဟုက်
အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်
တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုးသို့မဟုက်
တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း
အခြားဘာသာသာသနာကိုလည်းကောင်း
ထိခိုက်နစ်နာမှုမရှိပဲမိမိချစ်ခင်မြတ်နိုးသည့်
စကား၊စာပေ၊ယဉ်ကျေးမှု၊ကိုးကွယ်သည့်
ဘာသာသာသနာနှင့်ဓလေ့ထုံးတမ်းများကို
လွတ်လပ်စွာဆောင်ရွက်ခွင့်၊နိုင်ငံသား
တိုင်းသည်မြန်မာနိုင်ငံတော်အတွင်း
မည်သည့်အရပ်ဒေသမဆိုဥပဒေနှင့်အညီ
အခြေစိုက်နေထိုင်ခွင့်ရှိသည်။