Saturday, November 15, 2014

ရနုကုန်မြို့အထင်ကရနေရာနှင့်ကျောင်းဝင်းအတွင်း(မင်းမဲ့စရိုက်ဆန်စွာ)ပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊လပွတ်တာမြို့နယ်၊ဘီတွတ်ကျေးရွာ
ထု့းဗျုးကျေးရွာအုပ်စုနေ(ဦးအငယ်လေး)ဆိုသူမှ
လပွတ်တာမြို့နယ်၊သပြုကုန်းကျေးရွာနေ(ဦးကြည်ဝင်း၊
ဒေါ်စန်းအေး)သမီးဖြစ်သူမဖြူဖြူစန်း)တို့သည်အသကက်
(၁၆)နှစ်အရွယ်မိန်းကလေးတစ်ယောက်အားရန်ကုန်
မြို့တွင်အလုပ်လုပ်ရမည်၊လစာကောင်းကောင်းရမည်၊
ဟုပြောဆိုကာရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိအမှတ်
(၆/A)ကမ်ဘာအေးဘုရားလမ်းနေအိမ်တွင်၊နေထိုင်သည့်
(ဦးမြဦး)အိမ်တွင်အိမ်ဖော်အလုပ်ဝင်လုပ်စေခဲ့ပါသည်
(၁.၁၁.၂၀၁၄)ရက်နေ့တွင်စတင်ပြီးအလုပ်လုပ်ရာ
(၃.၁၁.၂၀၁၄)ရက်နေ့တွင်(ဦးမြဦး)မှသားမယား
အဖြစ်ပြုကျင့်ခဲ့ပါသည်ထို့နောက်မိဘဖြစ်သူများက
ပြန်လည်ကာ(၁၀.၁၁.၂၀၁၄)ရက်နေ့တွင်ပြန်လည်
လာရောက်ခေါ်ဆောင်စေခဲ့ပါသည်၊ထို့နောက်
အဆိုပါဖြစ်ရပ်အား(ဦးမြဦး)မှနင်နဲ့ကျူးလွန်ခဲ့သည်.
ဖြစ်စဉ်အားအမှုမဖွင့်ရန်နှင့်မတိုင်ကြားရန်ပြောဆိုပြီး
အဆင်ပြေအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
(ဦးမြဦး)၏လူယုံဖြစ်သည့်(ဦးအငယ်လေး)ဆိုသူမှ
၎င်းဖြေရှင်းပေးမည်ဖြစ်ကြောင်းထပ်မံပြောဆိုခဲ့ပါသည်
သို့သော်လည်း(ဦးအငယ်လေး)ဆိုသူမှမဖြူဖြူစန်းအား
နှစ်နာကြေးပေးမည်မတိုင်ပါနဲ့ဟုပြောဆိုပြီးနှစ်နာကြေး
ပေးရန်ပြုလုပ်သည့်အခါတွင်ဟိုနေ့ပေးမည်
ဒီနေ့ပေးမည်ဟုပြောဆိုပြီး(၁၅.၁၁.၂၀၁၄)ရက်နေ့
နံနက်(၁၀း၀၀)အချိန်တွင်၊လှိုင်သာယာမြို့နယ်၊
ဘုရားလမ်းရှိ၊(သုခရိပ်)လဘက်ရည်ဆိုင်သို့
လာမည်ဖြစ်ကြောင်းပြောဆိုပြီး၊မည်သူမှရောက်မလာခဲ့ပါ
ထို့နောက်(ဦးမြဦး)၏လူယုံဖြစ်သည့်(ဦးစိုးကျော်သူ)မှ
နေ့လည်(၁း၀၀)အချိန်တွင်လှိုင်မြို့နယ်၊ဘူတာရုံလမ်း၊
၃ရပ်ကွက်ရှိ(အောင်ချမ်းသာစေတီနှင့်ဘုန်းကြီးကျောင်း
ဝင်းအတွင်းတွင်နှစ်နာကြေးပေးမည်၊ထို့နောက်
အမှုမဖွင့်ရန်စာချုပ်/ချုပ်ဆိုမည်ဖြစ်ကြောင်းချိန်းဆို
ခဲ့သည်မဖြူဖြူစန်း၏မိခင်တို့နဲ့အတူကူညီပေးသူ
များသည်၎င်းဘုရားဝင်းရောက်ရှိသည့်အခါ
(ဦးစိုးကျော်သူ၊ဦးအငယ်လေး)ဆိုသူတို့သည်
(ဦးမြဦး၏သားနှင့်သမီး)တို့ကိုအကြောင်းကြား
ထားခဲ့ပါသည်ဦးမြဦးတို့မှမဖြူဖြူစန်းအား၎င်းတို့
နေအိမ်မှငွေကျပ်(၅သိန်း)ခိုးယူသွားကြောင်း
လိမ်လည်ကာအမှုဖွင့်ထားခဲ့ပါသည်(၁၅.၁၁.၂၀၁၄)
ရက်နေ့တွင်မရမ်းကုန်းမြို့ယ်ရဲတပ်ဖွဲ့ဝင်များ
လှိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး
မဖြူဖြူစန်းအားဖမ်းဆီးခဲ့ပါသည်ထိုအချိန်ဦးမြဦး
၏သား/သမီးတို့မှဘုရားဝင်းအတွင်းရောက်ရှိနေသည့်
မိခင်ဒေါ်စန်းစန်းအေးနှင့်ကူညီဆောင်ရွက်ပေး
သူများအား၎င်းတို့ခေါ်ဆောင်လာသည့်လူများမှ
(တုက်/ဓါး)လက်နက်များနှင့်ဝိုင်းဝန်းရိုက်နှက်ခဲ့ပါသည်
၎င်းတို့မှာရဲတပ်ဖွဲ့ဝင်များရှိနေပါလျှက်ယခုကဲ့သို့
ပြုမူဆောင်ရွက်ခြင်းမှာ(မင်းမဲ့စရိုက်)ဆန်စွာ
ပြုမူဆောင်ရွက်နေခြင်းဖြစ်သည်.အပြင်
မဖြူဖြူစန်းအားငွေကျပ်(၅သိန်း)ခိုးသည်ဟု
လိမ်လည်တိုင်ကြားခဲ့ခြင်းမှာ(ဦးမြဦး)၏
လူသားမဆန်သည့်စရိုက်၊အရွယ်မရောက်သေး
သောမိန်းကလေးတစ်ဦးအားသား/မယား
ပြုကျင့်ခြင်းကိုကွယ်ပျောက်စေလိုသည့်ရည်
ရွယ်ချက်ဖြင့်ထင်ရှားစေပါသည်အဆိုပါ
ဖြစ်ရပ်အား(တည်ဆဲဥပဒေ )များနဲ့အညီ
မှန်ကန်/မြန်ဆန်စွာအထက်တာဝန်ရှိ
သက်ဆိုင်ရာလူကြီးများမှဆောင်ရွက်ပေးစေလိုသည်။

ကူညီဆောင်ရွက်သူများနှင့်အစိုးရရှေ့နေများအဖွဲ့