ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်းပျက်နေခဲ့ပြီး ဖြစ်နေခဲ့ပြီး တာဝန်ယူထားသော တာဝန်ရှိသူများက တာဝန်မဲ့စွာဖြင့် ပြုလုပ်နေခြင်းကြောင့် ဈေးရုံတိုင်းတွင်လည်း လူသွားလူလာ ကျဉ်းမြောင်းမှုများကြောင့်
အကြိက်ဆုံးဖြစ်သူကတော့ ခါးပိုက်နှိက်၊အလစ်သုတ်သမားများနှင့် ဒုစရိုက်သမားများဖြစ်ပါသည်။
မကြာခဏ ခါးပိုက်နှိက်ခံရမှုနှင့် အလစ်သုတ်ခိုးယူမှုနှင့် ပြည်သူများကြုံတွေ့နေရပြီး ထိုသို့ ကြုံတွေ့ခံရသူများမှ
ရဲစခန်းသို့အသိပေးတိုင်ကြားမှုရှိသလို ၀မ်းနည်းမှု ၊ငိုကြွေးမှုများနှင့်သာ အဆုံးသတ်သွားခဲ့တာ မနည်းပါ။
ဈေးထဲတွင် လုံခြုံရေးမရှိ၊ပွဲရုံများနှင့် ဈေးသည်များကို အလွယ်တကူထားရှိသော ငွေထုပ်နှင့်လွယ်အိတ် ပိုက်ဆံအိတ်များကို အလစ်သုတ်ခိုးယူနေသည့်အတွက် ၁၀ဦးထက်မနည်း ဆုံးရှုံးနစ်နာမှုများနှင့်သာ ကြုံတွေ့
နေရပါသည်။
ကြုံတွေ့ခဲ့ရသူများမှာ
၁။ ၅.၈.၂၀၁၄ ရက်နေ့တွင် ရုံ(ခ)ထိပ် သစ်သီးရောင်းသူ မမော်ဆိုင်မှ ငွေသား(၉)သိန်းကျော်။
၂။ ၇.၈.၂၀၁၄ ရက်နေ့တွင် ရုံ(ခ)နောက်တွင်ဈေးရောင်းသူ ဒေါ်ရေခဲဆိုင်မှ လက်စွပ်တစ်ကွင်း၊ ရွှေဆွဲကြိုး
တစ်ကုံး၊ငွေသား (၂)သောင်းကျော်။
- ရွှေမိုးအောင် သစ်သီးပွဲရုံမှ ငွေသား(၂)သိန်းကျော်။
- ဒေါ်သန်းသန်းအေးနှင့် ဒေါ်မိတ်တို့ ထံမှ ငွေသား(၃)သိန်းကျော်။
- ရုံ(က)မြသပြေပွဲရုံမှ ငွေကြေးစာရင်း စာတန်းများ ထိုအထဲမှ ငွေနှင့် ပစ္စည်း အများဆုံးပါရှိသွားသော
ဖြစ်စဉ်မှာ ရုံ(ခ)ထိပ်ကုန်စိမ်းဆိုင်မှ လက်ကောက် (၈)ကွင်း၊စိန်ဆွဲကြိုး (၁)ကုန်း၊ငွေသား သိန်း(၂၀)ကျော်
ပါရှိသွားပါသည်၊၊
သီရိမင်္ဂလာဈေးကြီးမှာ အမည်နှင့်မလိုက်အောင်နေ့စဉ်နှင့်အမျှ အမင်္ဂလာသတင်း များသာကြားနေရပါသည်၊
ရွှေကသစ်