Tuesday, November 18, 2014

နိုင်ငံတော်၏တားမြစ်ချက်များ

နိုင်ငံတော်သည်ကျေးကျွန်ပြုမှုနှင့်လူကုန်ကူးမှုကို
တားမြစ်သည်၊နိုင်ငံတော်သည်ဥပဒေကျုးလွန်က
ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့်အလုပ်ဒဏ်ထမ်း
ဆောင်ခိုင်းခြင်းသည်အများပြည်သူအကျိုးအတွက်
ဆောင်ရွက်ရန်နိုင်ငံတော်ကဥပဒေနှင့်အညီ
တာဝန်ချထားခြင်းမှတပါးမတရားခိုင်းစေခြင်းကို
တားမြစ်သည်၊(၃၇၃)ပြစ်မှုကျုးလွန်သူမည်သူ့ကို
မဆိုယင်းပြစ်မှုကျုးလွန်သည့်အချိန်ကအတည်
ဖြစ်လျှက်ရှိသောသက်ဆိုင်ရာဥပဒေအရသာ
ပြစ်မှုထင်ရှားစီရင်ရမည်၊ထို့အပြင်ယင်း
ဥပဒေအရချမှတ်နိုင်သောပြစ်ဒဏ်ထက်ပိုကာ
ချမှတ်ခြင်းမပြုရ၊စီရင်ပိုင်ခွင့်ရှိသောတရား
သူကြီး၏ချုပ်မိန့်မရရှိပဲမည်သူ့ကိုမျှ
(၂၄)နာရီထက်ပိုကာချုပ်နှောင်ခြင်းမပြုရ။