Tuesday, November 18, 2014

ရန်ကုန်မြို့သစ်စီမံကိန်းပြည်လည်စတင်ရန်ကြွေးကြော်

ရန်ကုန်မြို့သစ်စီမံကိန်းရပ်ဆိုင်းထားမှုကိုပြန်လည်
စတင်ရန်ဒေသခံပြည်သူများဒုတိယအကြိမ်မြောက်
ထောက်ခံဖော်ထုတ်ခြင်းနှင့်ရန်ကုန်မြို့သစ်စီမံကိန်း
ပြန်လည်ဖော်ထုတ်ပေးရန်ဟောပြောပွဲကို
တွံ့တေးမြို့နယ်ဆိပ်ကြီးခနောင်တိုလမ်းဆုံဋ္ဌ်
ဒေသခံပြည်သူ(၁၀၀၀၀ကျော်)ကထောက်ခံ
ပွဲပြုလုပ်ခဲ့ကြသည်ဒေသခံပြည်သူများ၏
ရန်ကုန်မြို့သစ်စီမံကိန်းထောက်ခံထုတ်ဖော်
ပွဲကိုကျေးရွာ(၂၂)ရွာမှပြည်သူများကနံနက်
(၈း၀၀)နာရီမှစတင်ကာစုရပ်သုံးခုမှအသီးသီး
ထုတ်ဖော်ခဲ့ကြပြီးကြွေးကြော်သံအဖြစ်
ရန်ကုန်မြို့သစ်စီမံကိန်းအောင်မြင်ရေး
ဒို့အရေး၊စီမံကိန်းဖျက်ဆီးသူဒို့ရန်သူ
ရန်ကုန်မြို့သစ်စီမံကိန်းအောင်ရမည်
ကြွေးကြော်သံများကြွေးကြော်ကာ
နိုင်ငံတော်ဦးသိန်းစိန်၊ပြည်ထောင်စု
လွှတ်တော်နာယကသူရဦးရွှေမန်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေဟူသောဓါတ်ပုံနှင့်စာသား
များပါသောဗီးနိုင်းများကိုင်ဆောင်ကာ
ဒေသခံအားလုံးကထုတ်ဖော်ခဲ့ကြသည်။