Saturday, November 15, 2014

ပြောင်းလဲနေသော(သမိုင်းဘီး)

ခေတ်အဆက်ဆက်ကျွန်တော်တို့၏ခေါင်းဆောင်မှု
ပုံစံသည်မပြောင်းလဲပဲရှိနေစဉ်တွင်ပတ်ဝန်းကျင်
တစ်ခုလုံးသည်တစ်စတစ်စပြောင်းလဲနေခဲ့သည်မှာ
မရပ်မနားပင်ဖြစ်သည်၊ခေတ်ကာလများတရွေ့ရွေ့
ကျော်ဖြတ်ခဲ့မှုနဲ့အတူမူလသဘာဝရုပ်ပတ်ဝန်းကျင်
များသာမကလူမှုဝင်းကျင်များ၊နည်းစနစ်များ
ယဉ်ကျေးမှုများ၊ထုံးတမ်းဓလေ့များ၊အလေ့အကျင့်များ
စိတ်ကူးစိတ်သန်းနှင့်တွေးပုံခေါ်ပုံများသိသိသာသာ
ပြောင်းလဲလျက်ရှိသည်၊၀ဲယာဝါဒအစွဲ၊အရှိန်အ၀ါ
ရှိနေလင့်အစားမူလရှိရင်းစွဲလက်ဝဲလက်ယာ
တိမ်းညွတ်မူမှခွဲထွက်ကာအချိုးအကွေ့သစ်တစ်ခု
သို့တိမ်းညွတ်စပြုလာသည်၎င်းမှာအာဏာရှင်
စနစ်ကိုဆန့်ကျင်ခြင်းနှင့်လူမှုအခွင့်အရေးကို
ရှေ့တန်ုတင်လာခဲ့ခြင်းဖြစ်သည်။