ဥာဏ်နှင့်ဝီရိယချို့တဲ့အားနည်ူသူသည်မိမိ၏ဘ၀ရပ်တည်ရေး
အတွက်ဟိုလူ့အားကိုး၊ဒီလူ့အားကိုးဖြစ်တတ်၏နှလုံးသားတွင်
စေတနာကောင်းမတည်ရှိသောသူသည်လည်းမိမိ၏ကိုယ့်ကျင့်
တရားကိုမယုံကြည်ရာမှအကြောက်တရားစိုးမိုးသောကြောင့်
သာသနာပြင်ပလွှဲမှားသောကိုးကွယ်ရာများကိုဖက်တွယ်တတ်၏
ဥာဏ်နှင့်ဝီရိယအားမကိုးလျှင်လောကီတွင်အောက်တန်းကျကာ
စေတနာကိုအားမကိုးလျှင်လက်ရှိလောကဘ၀တွင်အောက်
တန်းကျ၏တစ်စုံတစ်ဦးကိုအားကိုးရပြီဆိုသောအခါအားထားခံ
သူ၏ခြယ်လှယ်စိုးမိုးမှုကိုခံရပေတော့မည်စင်စစ်သောလူသည်
မိမိဘ၀ကိုမိမိကပင်ပြဌာန်းယူရမည်၊မိမိကိုယ်ကိုအားကိုးပြု
နေတတ်သူသည်အရာရာတွင်လွှတ်လပ်သည်၊စိတ်ဓာတ်
အားခိုင်ကာလောကဓံကိုခံနိုင်စွမ်းရည်ရှိသည်။