Sunday, March 22, 2015

ကောင်းနိမိတ်ဆောင်ရန် ဒေါင်းတံဆိပ် အောင်လံ

ပြောင်းသွားတဲ့အတိတ်က ကျောင်းသားသပိတ်ကိုကျောမခိုင်း အမျိုးသားရေးသွေးဝိုင်းပြခဲ့တာက ဆရာ မှိုင်း ရဲ့ လေးချိုးမဟာ ဇာတိမာန်ကို ရှင်သန်သွေးစည်း သြော် ဝေးခရီးကပင်မင့် အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲမို့ ဆရာလည်းကွာ ပထမအရင်ကနဦးဆီက မြန်မာတစ်ခွင် သမ္မတရှင်မကူးခင်ပ ထဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့ ထီမထင်ကျောင်းသားတွေရဲ့ အမည်စဉ် ခေါင်းအပေါ်ဖျားမှာလေ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့ ဖြစ်ပုံက တစ်ခေတ်ကြုံ အပြစ်ပုံစရာ မမြင်စိတ်ထားနဲ့ သပိတ်ကျောင်းသားလှုပ်ရှားမူအရေး သွေးထိုးဘေးမတီးခဲ့ ဒိုက်အမှိုက်ဘယ်လိုတားဆီးဆီး မန္တလေး ရန်ကုန် ပေါင်းဆုံတဲ့မြစ်ကြီး သြော် ခရီးဝေးကလာပေမယ့် သွေးနီးကာ သက်လုံကောင်းစေဖို့ သြောင်း နဘယံ မေတ္တာအတိရယ်နဲ့ ကျောင်းနံရံ သစ္စာရှိစွာ ဒေါင်းအလံ ဂစ္ဆာမိကြပေတော့