Saturday, April 4, 2015

သင်္ကြန်အင်္နီးကားလတ်မှတ်ဈေးပိုရောင်းသည့်ကားဂိတ်၃ဂိတ်ကိုဒဏ်ငွေ၅၀၀၀၀သောင်းစီချမှတ်အရေးယူ

သင်္ကြန်ကာလနယ်ပြန်မည့်ခရီးသည်များကိုကားလက်မှတ်များဈေးသတ်မှတ်နှုန်းထားထက်ဈေးတင်ရောင်းချသည့်ကားဂိတ်များကိုအရေးယူမူများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းမော်တော်ယဉ်လုပ်ငန်းပေါင်းစုံထိမ်းသိမ်းရေးကော်မတီအဝေးပြေးမှသိရသည်။အောင်မင်္ဂလာအဝေးပြေးမှကားဂိတ်၃ခုမှလက်မှတ်များဈေးတင်ရောင်းချသည့်ကိုခရီးသွားပြည်သူများကတိုင်ကြားသဖြင့်မထသအဝေးပြေးမှခရီးစဉ်တစ်ခုအတွက်ကားတစ်စီးလျှင်ဒဏ်ငွေ၅၀၀၀၀ကျပ်စီချမှတ်အရေးယူခဲ့သည်တိုင်ကြားခံရသောယဉ်လိုင်းများမှာငွေကမ်ဘာ(ရန်ကုန်-ဇီးကုန်း)(ပြည့်ဖြိုးအောင်-ရန်ကုန်-ချောက်)(မြသရဖူ-ရန်ကုန်-ချောက်)တို့ဖြစ်သည်နောက်ထပ်တိုင်ကြားမူများရှိလာခဲ့ရင်ထိရောက်စွာဆက်လက်ဆောင်ရွက်အရေးယူမူများပြုလုပ်သွားမည် တိုင်ကြားရန်ဖုန်း(အောင်မင်္ဂလာအဝေးပြေး) ၀၁-၆၃၆၈၄၁/ ၀၁-၆၃၆၈၄၂/ ၀၁-၆၃၇၄၈၉)သို့တိုကိုတိုက်ရောက်ဆက်သွယ်တိုင်ကြားနိုင်ပါသည်။