အတ္တမျိုးတွေချလို့ အမှတ်တရပျိုးလေမှ
ဓနမီးတရှိန်ရှိန်နဲ့ ဘဝစည်းစိမ်လှလိမ့်မယ်
ကာမသစ်ပင်မို့နွေအပူမှာ
မာနအမြစ်ရှင်ဖို့ ရေအကူပါမှ
ဆွေအတူဂုဏ်ရှိမယ် ညီအတူထာဝရတွဲလို့
ဒီကာမထဲဖြတ်ချမလို အတ္တကိုဆန္ဒလှည့်ငင်မှ
ဓမ္မနဲ့ယှဉ်သမျှတိုးတက်မယ် အကျိုးဆက်ရယ်ကိုယ့်အတွက်
ကိုယ့်အတွက်ပြီးပြည့်စုံမှ တချို့တဝက်မီးငွေ့မလှုံ
ကြီးပေ့ဂုဏ် သုစရိုက်ဆယ်ပါးနဲ့
အခုအမိုက်တွေဖယ်ရှားလို့
အပါယ်မလား ကပ်ဆိုးရှောင်
မြတ်နိုးအောင် စိတ်ကိုယ်ကျန်းမာဖို့
ထာဝရအရိပ်ကိုလှမ်းကြပါစို့။