Tuesday, October 17, 2017

အောင်မင်္ဂလာကားဝင်းတွင်မကြာခဏလုယက်မှုများ!ခိုက်ရန်ဖြစ်ပွားမှုများကိုအမြန်ဆုံးရှင်းလင်းသုတ်သင်ပေးပါရန်

             ရန်ကုန်တိုင်းဒေသကြီး!မြောက်ဥက္ကလာပမြို့နယ်အောင်မင်္ဂလာအဝေးပြေး(ဝင်းပြင်ပ!ကားဝင်းအတွင်း)ရှိ!ကယ်ရီသမားများကားသမားများနှင့်ဧည့်ကြိုများသည်အနယ်နယ်အရပ်ရပ်မှလာရောက်ရောင်းဝယ်ဖောက်ကားသူများခရီးသွားပြည်သူလူထုများအားကားတွေမှဆင်းဆင်းခြင်း(အလုအယက်ခေါ်ဆောင်)ခြင်း!အထုပ်အပိုးများလုယက်ခေါ်ဆောင်ခြင်း!အမျိုးသမီးများနှင့်ကလေးသူငယ်များအားလုယက်ဆောင်ခြင်း(နှမချင်းကိုယ်ချင်းမစာနာ)ခေါ်ဆောင်ခြင်းများကြောင့်!အမျိုးသမီးများ၏ကာအိဒြေ္ဓသိက္ခာပြက်ပြားခြင်း!ကာမပိုင်အမျိုးသားများနှင့်ညီအကိုမောင်နှမများ(မကြာခဏ)စကားအချေအတင်များခြင်း!ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပေါ်နေပါသည်အောင်မင်္ဂလာကားဝင်း(ကားဝင်းပြင်ပနှင့်ကားဝင်း)အတွင်းတွင်ပြည်သူလူထုများအားစိတ်ဒုက္ခကိုယ်ဒုက္ခပေးနေသော(ကယ်ရီသမားများ!ကားသမားများ!အခစားဧည့်ကြို)များအား!အောင်မင်္ဂလာကားဝင်းအတွင်းရှိလုံခြုံရေးများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစည်ပင်ဝန်ထမ်းများမှ(မသိကျိုးနွံ!မျက်ကွယ်ပြု)ထားခြင်းများကြောင့်(မကြာခဏ)ပြဿနာအခက်အခဲများဖြစ်ပေါ်နေပါသဖြင့်!ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအဖွဲ့!ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့!ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးအဖွဲ့!အခွန်အကောက်နှင့်စီးပွားကူးသန်းရေးအဖွဲ့!ပြည်ထဲရေးလက်အောက်ခံမြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအမြန်ဆုံးရှင်းလင်းဖမ်းဆီးအရေးယူပေးပါရန်တိုင်ကြားထားပါသည်။



             ပြည်သူ့အော်လံအဖွဲ့