Thursday, December 25, 2014

ဝါ၀ါဝင်းကုမ္ပဏီ အတွက် ရှုံ့ချကြေညာချက်




ဝါ၀ါဝင်းကုမ္ပဏီ မှအိမ်ယာမဲ့များကို လူအင်အားသုံး၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်ပြီး ဥပဒေမဲ့ ပြုလုပ်ခြင်းအား ကန့်ကွက်ရှုံ့ချခြင်း

၁။ (၁၅.၁၂.၂၀၁၄) ရက်နေ့မတိုင်မီကပင် အိမ်ယာမဲ့များ စတင်ကျူးကျော်ခြင်းအား   တရားဥပဒေဘောင်အတွင်းမှ ဟန့်တားခြင်းမပြုပဲ အုပ်ချုပ်ရေးပိုင်းမှ လစ်လျူရှုထားခြင်း။

၂။ (၁၅.၁၂.၂၀၁၄) နှင့် (၁၆.၁၂.၂၀၁၄) ရက်နေ့ ည၆ နာရီအချိန်မှစတင်၍ အိမ်ယာမဲ့များကို သက်ဆိုင်ရာမှ ကြိုတင်အသိပေး အကြောင်းကြားထားခြင်း မရှိပဲ လူအင်အား သုံးရာခန့်ဖြင့် တုတ်၊ ဓါး၊ လက်နက်မျိုးစုံသုံး၍ အိမ်ယာမဲ့များ၏ နေအိမ် ၄၅၀ ခန့်ကို အကြမ်းဖက်ဖျက်စီးခဲ့ခြင်း။


Friday, December 5, 2014

ဆင်းရဲနွမ်းပါးမှုကိုဖုံးကွယ်ရန်မြန်မာကြိုးစားနေ

မန်းတလေးမြို့ကိုဒီဇင်ဘာ(၅)ရက်နေ့ကရောက်ရှိလာသည့်
နော်ဝေဘုရင် ဟာရဲလ်နှင့်မိဖုရားဆွန်ယာတို့အားကြိုဆိုရန်
ဧရာဝတီမြစ်ကမ်းဘေးမှဆင်းရဲသားမိသားစုများမြေလှန်
ဖယ်ရှားခဲ့သည့်သတင်းများကြားသိရခဲ့ပြီးနောက်နော်ဝေ
နိုင်ငံရေးဝန်ကြီးဌာနကမြန်မာအာဏာပိုင်များထံကန့်ကွက်
လွှာပေးပို့ခဲ့ကြောင်းသိရသည်ဧရာဝတီမြစ်ကမ်းနံဘေးက
ဆင်းရဲသားရပ်ကွက်တစ်ခုလုံးကိုမြေလှန်ဖယ်ရှားကာ
နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုအခြေအနေကိုဖုံးကွယ်ရန်မြန်မာ
အာဏာပိုင်များကကြိုးပမ်းလိမ့်မည်ဟုနော်ဝေအစိုးရ
တာဝန်ရှိသူများကတွေးထင်ထားခြင်းမရှိခဲ့ကြောင်း
သတင်းများကဖော်ပြထားသည်ပွင့်လင်းမြင်သာမှုနှင့်
ပတ်သက်သည့်မြန်မာနိုင်ငံ၏သဘောထားမှာနော်ဝေ
နိုင်ငံနှင့်လုံးဝကွာခြားနေကြောင်းယာဘင်းဟယ်လာရာ
ကဝေဖန်ခဲ့သည်မြန်မာအာဏာပိုင်များသည်မြစ်ကမ်းနံ
ဘေးကဆင်းရဲသားတဲစုများကိုမြေညှိစက်ဖြင့်မြေလှန်
ဖျက်ဆီးကာကွင်းခေါင်ခေါင်ဖြစ့်ခဲ့ရသောနေရာတွင်
ပန်းပင်များစိုက်ပျိုးထားခြင်း၊နော်ဝေနှင့်မြန်မာအလံများ
စိုက်ထူထားသည့်ဆိပ်ခံတံတားတစ်ခုတည်ဆောက်ခြင်း
စသည်တို့ကိုပြုလုပ်ခဲ့ကြောင်းမီဒီယာများကဖော်ပြ။

Monday, December 1, 2014

ဖွံ့ဖြိုးမှုအနည်းဆံုးအာရှ(၉)နိုင်ငံတွင်မြန်မာအနိမ့်ဆုံး

အာရှဖွံ့ဖြိုးမှုအနည်းဆုံးအာရှ(၉)နိုင်ငံစာရင်းတွင်မြန်မာ
နိုင်ငံပါဝင်ပြီးဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတိုးတက်မှုကို
တိုင်းတာရာတွင်အချက်သုံးချက်ဖြင့်တိုင်းတာလေ့ရှိပြီး
မြန်မာနိုင်ငံသည်နိုင်ငံသားတစ်ဦးချင်းဝင်ငွေ(gni)မှ
လွဲပြီးတိုးတက်မှုမရှိခဲ့ကြောင်းဒီဇင်ဘာ(၁)ရက်က
ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်တွင်(undp)မှထုတ်ပြန်သည့်
(2014 the least developed countries)အစီအရင်ခံစာတွင်
သိရသည်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံကနေလွန်မြောက်နိုင်ပြီ
လားဆိုတဲ့အခါမှာတစ်ဦးချင်းဝင်ငွေ(gni)ကိုကြည့်တဲ့အခါ
မလုံလောက်သေးဘူးဆိုတာတွေ့ရပါတယ်(human assets)
ပဲလုံလောက်မှုတွေ့ရပါတယ်လုံလောက်မှုရှိတယ်ဆိုပေမယ့်
တိုးတက်မှုတော့မဟုက်ပါဘူးစီးပွားရေး၊လူမှုရေးကဏ္ဍဖွံ့ဖြိုး
တိုးတက်မှု၊လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ
တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဆိုပေမယ့်ဖွံ့ဖြိုးမှုအနည်း
ဆုံးနိုင်ငံများစာရင်းကိုနိုင်ငံတစ်ဦးချင်းဝင်ငွေဖြင့်တိုင်းတာ
ပြီးထုတ်ပြန်ခဲ့ရာတွင်မြန်မာနိုင်ငံက(gni)တွင်၉၉၄ဒေါ်လာ
ရှိပြီးယင်းနှစ်ထက်ဒေါ်လာ(၁၀၀)၀န်းကျင်တက်လာခဲ့ကြောင်း
(HUMAN ASSETS ၆၈ဒသာမ၈နှင့်ECONOMIC
VULNERABILITYမှာ၄၅ဖြင့်တိုးတက်လာခြင်းမရှိကြောင်း
ဖွံ့ဖြို့မှုအနည်းဆုံးနိုင်ငံစာရင်းတွင်စုစုပေါင်း(၄၈)နိုင်ငံရှိပြီး
မြန်မာနိုင်ငံအပါအ၀င်အာရှမှကိုးနိုင်ငံအာဖရိကမှ၃၄နိုင်ငံ
ကာရေဗီယံတစ်နိုင်ငံ၊ပစိဖိတ်ဒေသတွင်လေးနိုင်ငံ
ရှိကြောင်းသိရသည်။

မသန်စွမ်းသူများအခွင့်အရေးကိုအတည်ပြုပြဌာန်း

မသန်စွမ်းသူများ၏အခွင့်အရေးကိုအကာအကွယ်ပေးရန်
တိုးမြှင့်ရရှိရန်အတွက်မသန်စွမ်းသူများ၏အခွင့်အရေးများ
ဥပဒေကြမ်းကိုအတည်ပြုပြဌာန်းရန်ဆောင်ရွက်နေကြောင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနမှဒုတိယ၀န်ကြီးဦးဘုန်းဆွေကပြောကြားသည်
မသန်စွမ်းသူများ၏အခွင့်အရေးများဥပဒေ(မူကြမ်း)တစ်ရပ်
လူမူဝန်ထမ်းဦးစီးဌာနနဲ့မသန်စွမ်းသူများကိုယ်တိုင်ပူးပေါင်း
ရေးဆွဲပြီးအတည်ပြုပြဌာန်းနိုင်ရေးကိုလည်းဆောင်ရွက်
နေလျက်ရှိပါတယ်အဆိုပါမသန်စွမ်းသူများ၏အခွင့်အရေး
ဥပဒေပေါ်ပေါက်လာပါကနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေနဲ့အညီမသန်စွမ်းသူများကိုပိုမိုကြည့်ရှုစောင့်ရှောက်
နိုင်မှာဖြစ်ပါတယ်ဟုလူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီး
ဦးဘုန်းဆွေကပြောကြားသည်။

မြန်မာ့နိုင်ရေးပြောင်းလဲချိန်

၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပြင်ဆင်များကဘာကြောင့်
ပြင်ဆင်သင့်ကြောင်းနဲ့မပြင်ဆင်သူများကဘာကြောင့်
မပြင်ဆင်သင့်ကြောင်းအသံတွေသောသောညံနေပါတယ်
ပြည်သူလူထုကတော့ဘာတွေဖြစ်လာမလဲဆိုပြီးစိတ်ဝင်
တစားစောင့်ကြည့်နေပါတယ်မြန်မာ့နိုင်ငံရေးအပြောင်း
အလဲကအလွန်စိတ်ဝင်စားဖို့ကောင်းနေပါတယ်တိုင်းပြည်
အရေးအတွက်အရေးပါအရာရောက်တဲ့လူ(၁၄)ဦး
(၁၄)ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးတဲ့အကြောင်း၊တစ်ဦးကို
(၁၀)မိနစ်ပဲဆွေးနွေးခွင့်ပြုတယ်လို့သိရပါတယ်၊ငါးဆူ
ဒါယကာမင်းလက်ထက်မှာတိုင်းပြည်မငြိမ်မသက်ဖြစ်ရ
ပါတယ်ပညာရှိအမတ်ကြီးများကဘုရင်ကိုယ်ကျင့်တရား
ပျက်လို့လား၊မှုးကြီးမတ်ကြီးတွေကိုယ်ကျင့်တရားပျက်လို့
လား၊တိုင်းသူပြည်သားတွေကိုယ်ကျင့်တရားပျက်လို့လား
ဆိုတာစဉ်းစားကြပါတယ်ပညာရှိအမတ်ကြီးတစ်ဦးက
သိကြားမင်းကိုမေးခွန်းတွေမေးစေတယ်တိုင်းသူပြည်သား
တွေလည်းတက်ရောက်ကြပါတယ်(၁)သိကြားမင်းနေ
ကောင်းလား(၂)သုစိတာ၊သုမာလာအစရှိတဲ့မိဘုရားတွေ
နေကောင်းလား(၃)နတ်ပြည်လူ့ပြည်ဘယ်လောက်ကြာ
ကြာလာရပါသလဲ၊မေးခွန်းသုံးခုပြည့်သွားတော့ဘေးမှာ
ထိုင်နေတဲ့အမတ်ကြီး၁ဦးကမေးခွန်းရပ်ဖို့တူထုပြီးသတိ
ပေးလိုက်ပါတယ်တိုင်းပြည်ရေးဘာတစ်ခုမှမမေးမဆွေး
လိုက်ရဘူးဝန်ထမ်းတွေလစာတိုးမယ်၊ဘ၀တူလူတန်း
စားတွေလစာတိုးမယ်၊၀န်ထမ်းမဟုက်တဲ့အောက်ခြေ
ပြည်သူလူထုကတော့ဘကြီးလည်းမမှီ၊ထီးတင်ပွဲလည်း
မမှီ၊မျောက်သစ်ကိုင်းလွတ်၊အမိမဲ့သားရေနည်းငါးလို
ဘယ်သူကိုအဖေခေါ်ရမှန်းမသိဘူးဖြစ်နေကြပါပြီ။

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန်တောင်းဆို

ကချင်ပြည်နယ်လိုင်ဇာမြို့ကချင်လွတ်မြောက်ရေးတပ်မတော်
(KIA)ဌာနချုပ်တွင်ဖွင့်လှစ်ထားသည့်ဗိုလ်လောင်း
သင်တန်းကျောင်းအားနိုဝင်ဘာ(၁၉)ရက်ကမြန်မာ့
တပ်မတော်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်
လူမျိုးစုံဗိုလ်လောင်းသင်တန်းသား(၂၃)ဦးသေဆုံးပြီး
(၂၀)ဒဏ်ရာရရှိခဲ့သည့်အတွက်ဖြစ်စဉ်ဖြစ်ရပ်အမှန်
ပေါ်ပေါက်စေရန်နိုင်ငံတကာအဖွဲ့အစည်းများ
အပါအ၀င်လွတ်လပ်သောစုံစမ်းစစ်ဆေးရေး
ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းပြီးတိုင်းပြည်သို့
ထုတ်ပြန်ပေးရန်နိုင်ငံရေးအင်အားစုများက
နိုဝင်ဘာ(၂၉)ရက်ကသဘောထားထုတ်ပြန်ခဲ့
ယခုလက်ရှိအချိန်ကာလသည်(၂၀၀၈)ဖွဲ့စည်း
ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ဒီမိုကရေစီ
အနှစ်သာရရှိသည့်တန်းတူရေး၊ကိုယ်ပိုင်ပြ
ဌာန်းခွင့်ရှိရေးကိုအခြေခံသဘောစစ်မှန်သည့်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်
ရေး၏ပထမခြေလှမ်းအဖြစ်တပြည်လုံးအပစ်
အခတ်ရပ်စဲရေးကြိုးပမ်းဆောင်ရွက်နေသည့်
အချိန်ဖြစ်သဖြင့်တောင်းဆိုပြုလုပ်ရခြင်းဖြစ်သည်။

သူတော်ကောင်းပေါများမှ

သူတော်ကောင်းဟူသည်သူတော်အောင်ကိုယ်က
ကောင်းပေးရခြင်းကိုဆိုလိုသည်၊သူတော်မှကိုယ်က
ကောင်းနိုင်မည်ဆိုလျှင်အဘယ်မှာသူတော်ကောင်း
ဖြစ်နိုင်ပါမည်နည်း၊ဘ၀တစ်ကွေ့ခဏတွေ့ခိုက်တွင်
အပ်ဖျားထိပ်ပေါ်ကမုန့်ညှင့်စေ့ပမာအလွန်တိုတောင်း
လှသောလူ့ဘ၀အခိုက်အတန့်တွင်ကိုယ်ကြောင့်
သူချမ်းသာအောင်၊သူ့ကြောင့်ကိုယ်ကုသိုလ်ဟူကာ
ယဉ်ကျေးမြင့်မြတ်ပြီးသဘောထားကြီးသူတို့၏
နှုတ်အပြေမနောအကြံကိုသူတော်ကောင်း
တရားဟုခေါ်၏သူတော်ကောင်းများပေါများပါမှ
လောကကြီးသည်ပြသာနာမျိုးစုံကင်းလျက်
မိသားစုတစ်စုတည်းလိုအေးချမ်းစွာနေရမည်။