Monday, December 1, 2014

မသန်စွမ်းသူများအခွင့်အရေးကိုအတည်ပြုပြဌာန်း

မသန်စွမ်းသူများ၏အခွင့်အရေးကိုအကာအကွယ်ပေးရန်
တိုးမြှင့်ရရှိရန်အတွက်မသန်စွမ်းသူများ၏အခွင့်အရေးများ
ဥပဒေကြမ်းကိုအတည်ပြုပြဌာန်းရန်ဆောင်ရွက်နေကြောင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနမှဒုတိယ၀န်ကြီးဦးဘုန်းဆွေကပြောကြားသည်
မသန်စွမ်းသူများ၏အခွင့်အရေးများဥပဒေ(မူကြမ်း)တစ်ရပ်
လူမူဝန်ထမ်းဦးစီးဌာနနဲ့မသန်စွမ်းသူများကိုယ်တိုင်ပူးပေါင်း
ရေးဆွဲပြီးအတည်ပြုပြဌာန်းနိုင်ရေးကိုလည်းဆောင်ရွက်
နေလျက်ရှိပါတယ်အဆိုပါမသန်စွမ်းသူများ၏အခွင့်အရေး
ဥပဒေပေါ်ပေါက်လာပါကနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေနဲ့အညီမသန်စွမ်းသူများကိုပိုမိုကြည့်ရှုစောင့်ရှောက်
နိုင်မှာဖြစ်ပါတယ်ဟုလူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီး
ဦးဘုန်းဆွေကပြောကြားသည်။