Thursday, December 25, 2014

ဝါ၀ါဝင်းကုမ္ပဏီ အတွက် ရှုံ့ချကြေညာချက်




ဝါ၀ါဝင်းကုမ္ပဏီ မှအိမ်ယာမဲ့များကို လူအင်အားသုံး၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်ပြီး ဥပဒေမဲ့ ပြုလုပ်ခြင်းအား ကန့်ကွက်ရှုံ့ချခြင်း

၁။ (၁၅.၁၂.၂၀၁၄) ရက်နေ့မတိုင်မီကပင် အိမ်ယာမဲ့များ စတင်ကျူးကျော်ခြင်းအား   တရားဥပဒေဘောင်အတွင်းမှ ဟန့်တားခြင်းမပြုပဲ အုပ်ချုပ်ရေးပိုင်းမှ လစ်လျူရှုထားခြင်း။

၂။ (၁၅.၁၂.၂၀၁၄) နှင့် (၁၆.၁၂.၂၀၁၄) ရက်နေ့ ည၆ နာရီအချိန်မှစတင်၍ အိမ်ယာမဲ့များကို သက်ဆိုင်ရာမှ ကြိုတင်အသိပေး အကြောင်းကြားထားခြင်း မရှိပဲ လူအင်အား သုံးရာခန့်ဖြင့် တုတ်၊ ဓါး၊ လက်နက်မျိုးစုံသုံး၍ အိမ်ယာမဲ့များ၏ နေအိမ် ၄၅၀ ခန့်ကို အကြမ်းဖက်ဖျက်စီးခဲ့ခြင်း။



၃။ (၁၆.၁၂.၂၀၁၄) ရက်နေ့တွင် အိမ်ယာမဲ့များကို လူအင်အားသုံး၍ အကြမ်းဖက် မဖျက်စီးခင် ကြိုတင်တားဆီးမှု၊ ဖျက်ဆီးနေစဉ် တားဆီးဟန့်တားမှု။ အခင်းဖြစ်ပြီးနောက်ပိုင်း အပြစ်ကျူးလွန်သူများကို ဖော်ထုတ်အရေးယူဆောင်ရွက် နိုင်မှုမရှိခြင်း။

၎။ လှိုင်သာယာ မြို့နယ်အတွင်း တရားဥပဒေမဲ့ အကြမ်းဖက်မှုပြုလုပ်ခြင်းများ အကြိမ်ကြိမ်ဖြစ်ပေါ်နေခြင်း။

၅။  ၄င်းအကြမ်းဖက်မှုများ ကျူးလွန်သူများကို ယနေ့အချိန်ထိ တရားဥပဒေအရ ထိရောက်စွာ အရေးယူမှု အပြစ်ဒဏ်ပေးခြင်းများ မတွေ့ရှိရခြင်း။

၆။ ၄င်းကဲ့သို့ ဥပဒေမဲ့ ပြုလုပ်ရမ်းကားမှုများကြောင့် ပြည်သူလူထုများမှ အသက်အိုးအိမ် လုံခြုံမှု၊ ဘ၀လုံခြုံမှုမရှိခြင်း၊ ထိခိုက်နစ်နာမှုများ၊ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်ခံစားနေခြင်း။

၇။ ၄င်းအပြင် လှိုင်သာယာမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ နိုင်ငံရေး ရပ်တည်ချက်များအပေါ် ပြည်သူလူထုများမှ ယုံမှား သံသယ အထင်အမြင်သေးခြင်းများ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ကျွန်ုပ်တို့ ပါတီများမှ ဤဖြစ်ရပ်များကို လုံးဝလက်မခံပါ။

၈။ လှိုင်သာယာ မြို့နယ်အတွင်းရှိ ပဋိပက္ခ အကြမ်းဖက်ဖြစ်ရပ်များကို အခြေခံ၍ နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုများ၊ ဒီမိုကရေစီ ဖေါ်ဆောင်နေမှုများကို ထိခိုက်မှေးမှိန် စေနိုင်ပါသဖြင့် ကျွန်ုပ်တို့ ပါတီများမှ ပြင်းထန်စွာ ရှုံ့ချကန့်ကွက်လိုက်ပါသည်။