သူတော်ကောင်းဟူသည်သူတော်အောင်ကိုယ်က
ကောင်းပေးရခြင်းကိုဆိုလိုသည်၊သူတော်မှကိုယ်က
ကောင်းနိုင်မည်ဆိုလျှင်အဘယ်မှာသူတော်ကောင်း
ဖြစ်နိုင်ပါမည်နည်း၊ဘ၀တစ်ကွေ့ခဏတွေ့ခိုက်တွင်
အပ်ဖျားထိပ်ပေါ်ကမုန့်ညှင့်စေ့ပမာအလွန်တိုတောင်း
လှသောလူ့ဘ၀အခိုက်အတန့်တွင်ကိုယ်ကြောင့်
သူချမ်းသာအောင်၊သူ့ကြောင့်ကိုယ်ကုသိုလ်ဟူကာ
ယဉ်ကျေးမြင့်မြတ်ပြီးသဘောထားကြီးသူတို့၏
နှုတ်အပြေမနောအကြံကိုသူတော်ကောင်း
တရားဟုခေါ်၏သူတော်ကောင်းများပေါများပါမှ
လောကကြီးသည်ပြသာနာမျိုးစုံကင်းလျက်
မိသားစုတစ်စုတည်းလိုအေးချမ်းစွာနေရမည်။