Monday, December 1, 2014

မြန်မာ့နိုင်ရေးပြောင်းလဲချိန်

၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပြင်ဆင်များကဘာကြောင့်
ပြင်ဆင်သင့်ကြောင်းနဲ့မပြင်ဆင်သူများကဘာကြောင့်
မပြင်ဆင်သင့်ကြောင်းအသံတွေသောသောညံနေပါတယ်
ပြည်သူလူထုကတော့ဘာတွေဖြစ်လာမလဲဆိုပြီးစိတ်ဝင်
တစားစောင့်ကြည့်နေပါတယ်မြန်မာ့နိုင်ငံရေးအပြောင်း
အလဲကအလွန်စိတ်ဝင်စားဖို့ကောင်းနေပါတယ်တိုင်းပြည်
အရေးအတွက်အရေးပါအရာရောက်တဲ့လူ(၁၄)ဦး
(၁၄)ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးတဲ့အကြောင်း၊တစ်ဦးကို
(၁၀)မိနစ်ပဲဆွေးနွေးခွင့်ပြုတယ်လို့သိရပါတယ်၊ငါးဆူ
ဒါယကာမင်းလက်ထက်မှာတိုင်းပြည်မငြိမ်မသက်ဖြစ်ရ
ပါတယ်ပညာရှိအမတ်ကြီးများကဘုရင်ကိုယ်ကျင့်တရား
ပျက်လို့လား၊မှုးကြီးမတ်ကြီးတွေကိုယ်ကျင့်တရားပျက်လို့
လား၊တိုင်းသူပြည်သားတွေကိုယ်ကျင့်တရားပျက်လို့လား
ဆိုတာစဉ်းစားကြပါတယ်ပညာရှိအမတ်ကြီးတစ်ဦးက
သိကြားမင်းကိုမေးခွန်းတွေမေးစေတယ်တိုင်းသူပြည်သား
တွေလည်းတက်ရောက်ကြပါတယ်(၁)သိကြားမင်းနေ
ကောင်းလား(၂)သုစိတာ၊သုမာလာအစရှိတဲ့မိဘုရားတွေ
နေကောင်းလား(၃)နတ်ပြည်လူ့ပြည်ဘယ်လောက်ကြာ
ကြာလာရပါသလဲ၊မေးခွန်းသုံးခုပြည့်သွားတော့ဘေးမှာ
ထိုင်နေတဲ့အမတ်ကြီး၁ဦးကမေးခွန်းရပ်ဖို့တူထုပြီးသတိ
ပေးလိုက်ပါတယ်တိုင်းပြည်ရေးဘာတစ်ခုမှမမေးမဆွေး
လိုက်ရဘူးဝန်ထမ်းတွေလစာတိုးမယ်၊ဘ၀တူလူတန်း
စားတွေလစာတိုးမယ်၊၀န်ထမ်းမဟုက်တဲ့အောက်ခြေ
ပြည်သူလူထုကတော့ဘကြီးလည်းမမှီ၊ထီးတင်ပွဲလည်း
မမှီ၊မျောက်သစ်ကိုင်းလွတ်၊အမိမဲ့သားရေနည်းငါးလို
ဘယ်သူကိုအဖေခေါ်ရမှန်းမသိဘူးဖြစ်နေကြပါပြီ။