မန်းတလေးမြို့ကိုဒီဇင်ဘာ(၅)ရက်နေ့ကရောက်ရှိလာသည့်
နော်ဝေဘုရင် ဟာရဲလ်နှင့်မိဖုရားဆွန်ယာတို့အားကြိုဆိုရန်
ဧရာဝတီမြစ်ကမ်းဘေးမှဆင်းရဲသားမိသားစုများမြေလှန်
ဖယ်ရှားခဲ့သည့်သတင်းများကြားသိရခဲ့ပြီးနောက်နော်ဝေ
နိုင်ငံရေးဝန်ကြီးဌာနကမြန်မာအာဏာပိုင်များထံကန့်ကွက်
လွှာပေးပို့ခဲ့ကြောင်းသိရသည်ဧရာဝတီမြစ်ကမ်းနံဘေးက
ဆင်းရဲသားရပ်ကွက်တစ်ခုလုံးကိုမြေလှန်ဖယ်ရှားကာ
နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုအခြေအနေကိုဖုံးကွယ်ရန်မြန်မာ
အာဏာပိုင်များကကြိုးပမ်းလိမ့်မည်ဟုနော်ဝေအစိုးရ
တာဝန်ရှိသူများကတွေးထင်ထားခြင်းမရှိခဲ့ကြောင်း
သတင်းများကဖော်ပြထားသည်ပွင့်လင်းမြင်သာမှုနှင့်
ပတ်သက်သည့်မြန်မာနိုင်ငံ၏သဘောထားမှာနော်ဝေ
နိုင်ငံနှင့်လုံးဝကွာခြားနေကြောင်းယာဘင်းဟယ်လာရာ
ကဝေဖန်ခဲ့သည်မြန်မာအာဏာပိုင်များသည်မြစ်ကမ်းနံ
ဘေးကဆင်းရဲသားတဲစုများကိုမြေညှိစက်ဖြင့်မြေလှန်
ဖျက်ဆီးကာကွင်းခေါင်ခေါင်ဖြစ့်ခဲ့ရသောနေရာတွင်
ပန်းပင်များစိုက်ပျိုးထားခြင်း၊နော်ဝေနှင့်မြန်မာအလံများ
စိုက်ထူထားသည့်ဆိပ်ခံတံတားတစ်ခုတည်ဆောက်ခြင်း
စသည်တို့ကိုပြုလုပ်ခဲ့ကြောင်းမီဒီယာများကဖော်ပြ။